love
ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့် ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဘွားမြင်လျှင်၊ ထာဝရဘုရား၏လူကိုငါရပြီဟု ဆိုလေ၏။
သင်သည် အလွန်ချစ်သောတစ်ယောက်တည်းသော သားဣဇာက်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သောတောင်ပေါ်မှာ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
လေအာသည်ပဋိသန္ဓေယူသဖြင့်၊ သားကိုဘွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ်လိမ့်မည်ဟု ဆိုသတည်း။
ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူ၍၊ သားဧနောက်ကို ဘွားမြင်လေ၏။ ကာဣနသည်လည်း မြို့ကိုတည်၍ မိမိသား၏ အမည်အလိုက်၊ ထိုမြို့ကို ဧနောက်မြို့ဟု သမုတ်လေ၏။
ထာဝရဘုရားသည် မောရှေရှေ့၌ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊
သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
သင်နှင့်အတူနေသောဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်ကြဘူးပြီ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
အဲဂုတ္တုပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆိုလျှင်၊
သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်ခြင်း၊

